Saturday, 28 July 2012

ကျောင်းသား ၃ ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် သံတွဲအကျဉ်းထောင်တွင် ဖမ်းဆီးခံနေရ

ရခိုင်ပြည်နယ်၊ သံတွဲတွင် လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟုယူဆ၍ တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ကျောင်သား(၃)ဦးအားသံတွဲအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

သံတွဲမှ ညီမင်းခန့်၊ ခိုင်ဇော်ဆန်း၊ နိုင်ရဲဦး၊ ဂွမြို့နယ်မှ သန့်စင်ဖြိုး စသောကျောင်းသား(၄)ဦးအား ဇူလိုင်လ(၂၀)ရက်နေ့က ဖမ်းဆီးသွားပြီး (၂၆)ရက်နေ့

ရုံးထုတ်ရာတွင် သန့်စင်ဖြိုးမှာ အာမခံချက်ဖြင့် ပြန်လွတ်လာပြီး လက်ရှိတွင် ကျန်(၃)ဦးမှာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် သံတွဲထောင်တွင်

ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါကျောင်းသား(၄)ဦးအား ဇွန်လ(၁၂)ရက်နေ့က ပထမတစ်ကြိမ်ဖမ်းဆီးခဲ့ပြီး ညနေ(၆)နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ ညီမင်းခန့်တို့က ဇွန်လ(၁၁)ရက်နေ့တွင် သပြုချိုင်ကို ကားအငှားလိုက်သွားတာပါ။ ဖမ်းဆီးခံရတာမှာပါတဲ့ သူငယ်ချင်းတွေလည်း

လိုက်သွားကြပါတယ်။ ပြန်လာတော့ ညနေ(၆)နာရီကျော်တာနဲ့ သူ့အိမ်ကိုပြန်မလာနိုင်တော့ဘဲ ဒီကသူငယ်ချင်းအိမ်မှာ ညအိပ်ပါတယ်။ ဇွန်လ(၁၂)ရက်နေ့က

အဲ့ဒီအိမ်မှ လာခေါ်သွားပြီး (၁၃)ရက်နေ့ ညနေ(၁၂)နာရီအချိန်တွင် ရဲတွေကိုယ်တိုင် လာပို့သွားပါတယ်။ ”  ဟု ညီမင်းခန့် မိခင်ကပြောသည်။

ဇွန်လ(၂၀)ရက်နေ့ ညနေ(၆)နာရီတွင် ဒုရဲအုပ်စိုးလွင်မှ ပြန်လာပို့မည်ဟု ခေါ်သွားကာ ယခုထက်ထိ ဖမ်းဆီးခံနေရကြောင်း သူကဆက်ပြောသည်။ ညီမင်းခန့်၊

ခိုင်ဇော်ဆန်း၊ နိုင်ရဲဦး၊ သန့်စင်ဖြို့တို့ကိုလည်း အဆိုပါနေ့က ဖမ်းဆီးခံခဲ့ရပြီး သန့်စင်ဖြိုးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်သုံးဦးမှာ

ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်သည်။

ပုဒ်မ ၅၀၅(ခ)မှာ နိုင်ငံတော်အစိုးရ(သို့) နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက အများပြည်သူကိုသော်လည်းကောင်း၊

လူတစ်စုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေလျှင် ဤပြစ်မှုမြောက်သည်ဟု သိရသည်။

ညီမင်းခန့်နှင့် ဖမ်းဆီးခံနေရသော ကျောင်းသားများသည် သပြုချိုင် ဆိပ်ကမ်းတွင် ဘင်္ဂလီမူဆလင်များ ထုတ်ဝေထားသော စာရွက်တစ်ရွက်ကို ဈေးဆိုင်မှ အမျိုးသမီးတစ်ဦးအား

သွားရောက်ပြသခြင်းကို တရားလိုဘက်မှ လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟု ယူဆ၍ တရားစွဲဆိုထားကြောင်း သိရသည်။

တရားလိုမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသောင်းလေးဖြစ်ပြီး သူ၏ဇနီးမှာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Arakan Times

No comments:

Post a Comment